အန်းဒရွိုက်ဖုန်းကနေ အိုင်ဖုန်းထဲကို ဒေတာတွေ လွယ်လွယ်ကူကူ လွှဲပြောင်းနိုင်ဖို့

ဂူးဂဲလ်ပလေးစတိုးရဲ့ တရားဝင် အိုင် အိုအက်စ်အက်ပ်ကနေ အလိုအလျောက် လွှဲပြောင်းနိုင်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၂၂ - အန်းဒရွိုက်ဖုန်းကနေ အိုင်ဖုန်းကို လွယ်လွယ်ကူကူနဲ့ ဒေတာဖိုင်တွေကို အိုင်ကျွန်းမလိုဘဲ တိုက်ရိုက်လွှဲပြောင်းနိုင်ပါတယ်။ အိုင်အိုအက်စ် (official) ကနေ ဂူးဂဲလ် ပလေးစတိုးနဲ့ချိတ် ဆက်ပြီး လုပ်ဆောင်ရ မှာ ဖြစ်ပါတယ်။
သည်နည်းလမ်းတွေကို ပြည်တွင်းဆော့ဖ်ဝဲ နည်းပညာရှင်တွေက ရှင်းပြထားတာ ဖြစ်ပါတယ်။
အချို့နည်းလမ်းတွေကတော့ Apple ဝက်ဘ်ဆိုက်နဲ့ နိုင်ငံခြားအိုင်တီဝက်ဘ် ဆိုက် Gadgets ကနေ ကိုးကားထားတာ ဖြစ်ပါတယ်။
ဂူးဂဲလ်ပလေးစတိုးရဲ့တရားဝင်အိုင် အိုအက်စ်အက်ပ်ကနေ အလိုအလျောက် လွှဲပြောင်းနိုင်ပါတယ်။ ဖုန်း contacts ၊ မက်ဆေ့ခ်ျ၊ ဓာတ်ပုံနဲ့ဗီဒီယို၊ web bookmarks (ဝက်ဘ်ဆိုက်မှာမှတ်ထားတာတွေ) မေးလ်အကောင့်စတာတွေကို တစ်ကြိမ်ထဲနဲ့လွှဲပြောင်းနိုင်ပါတယ်။

မလွှဲပြောင်းခင်သိထားရမှာ

နောက်ပြီး အက်ပဲလ်ရဲ့တရားဝင် ဝက်ဘ်ဆိုက်ရဲ့အဆိုအရ အက်ပဲလ်စတိုး ရဲ့လုပ်သားတွေက အန်းဒရွိုက်ဖုန်းကနေ အိုင်ဖုန်းကို ဒေတာတွေ လွှဲပြောင်းဖို့ အခမဲ့လုပ်ဆောင်ပေးမှာဖြစ်တာကြောင့် ဝက်ဘ်ဆိုက်ထဲမှာ အကူအညီသွား တောင်းနိုင်ပါတယ်။
ဖိုင်ဒေတာတွေကို မလွှဲပြောင်းခင် ကိုယ့်ဆီမှာ ဟာ့ဒ်ဝဲနဲ့ပတ်သက်တာ အစုံအလင်ရှိရပါမယ်။ အိုင်အိုအက်စ်အတွက် ထုတ်ထားတဲ့ဂူးဂဲလ်အက်ပ်တွေကို ဒေါင်းလုပ်ဒ်ဆွဲထားရမှာ ဖြစ်တယ်။ Google drive storage ရှိရပါမယ်။

လိုအပ်တာတွေက

ဖိုင်ဒေတာအလွှဲအပြောင်းဖြစ်စေ၊ အက်ပ်အလွှဲအပြောင်းဖြစ်စေ အန်းဒရွိုက်ကနေ အက်ပဲလ်ကို လွှဲမှာဖြစ်တာကြောင့် လုံခြုံရေးအရ အက်ပဲလ်အိုင်ဒီ (Apple ID)ကနေ ဖြတ်သွားရမှာဖြစ်တာကြောင့် အိုင်ဒီအကောင့် လိုအပ်ပါတယ်။ တကယ် လို့မိမိရဲ့အိုင်ဖုန်းက အလုံးအသစ်ဖြစ်နေ တယ်ဆိုရင်တော့ အိုင်ဒီအကောင့်အသစ် လုပ်ပါ။
နောက်တစ်ချက်က လွှဲပြောင်းမယ့် ဖုန်းနှစ်လုံးစလုံးမှာ ချိတ်ဆက်ဖို့ အင်တာ နက်ဒေတာ ဒါမှမဟုတ် ဝိုင်ဖိုင် (wifi) ကော်နက်ရှင် လိုအပ်ပါတယ်။ နောက်ပြီး လွှဲပြောင်းမယ့်အိုင်ဖုန်းက အလုံးအသစ် ဒါမှမဟုတ် factory reset ချထားဖို့လိုပါ တယ်။
ပထမအချက်အနေနဲ့ အရင်ဆုံးဖိုင်တွေကို ပြောင်းထည့်မယ့်အန်းဒရွိုက်ဖုန်းထဲမှာ iOS app (တရားဝင်) ကို ဒေါင်းလုပ်ဒ်ဆွဲပါ။ ဒေါင်းလုပ်ဒ်ဆွဲပြီးတာနဲ့ဒေတာဖိုင်တွေကို အချိန်မဆွဲဘဲ ချက်ချင်းပြောင်းထည့်ရမှာဖြစ်ပါတယ်။ ပြီးရင် အဲ သည်အက်ပ်ထဲဝင်လိုက်တာနဲ့ ကုတ်နံပါတ်တောင်းပါလိမ့်မယ်။  အဲသည်ကုတ်က လွှဲပြောင်းမယ့်အိုင်ဖုန်းထဲကနေရယူရမှာ ဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ လွှဲပြောင်းမယ့်အိုင်ဖုန်းကိုဖွင့်ပါ။ အဲသည်အိုင်ဖုန်းမှာ Hello ဆိုတဲ့စာတိုမက်ဆေ့ခ်ျဘောက်စ် ကို ပြပါလိမ့်မယ်။ မက်ဆေ့ခ်ျထဲဝင်ပြီးရင် Move Data from Android ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။
ပြီးရင်သူပြောတဲ့အတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားပါ။ အိုင်ဖုန်းမှာ ကုတ်နံပါတ်ပြလာခဲ့ရင် ကုတ်ကို ခုနက အန်းဒရွိုက်ဖုန်းမှာ တောင်းထားတဲ့ ကုတ်နံပါတ်ဘောက်စ်မှာ ရိုက်ထည့်ပါ။
ကုတ်နံပါတ်တစ်ကြိမ်ပဲ ရိုက်ထည့်ခွင့်ရှိတာကြောင့် မမှားအောင် သေချာရိုက်ပါ။ ကုတ်နံပါတ်ထည့်ပြီးရင် ဖုန်းနှစ်လုံးကြားဖိုင်အလွှဲအပြောင်းလုံခြုံမှုရှိအောင် အိုင် ဖုန်းထဲမှာ သီးသန့်ကိုယ်ပိုင်ဝိုင်ဖိုင် (wifi) ကော်နက်ရှင်ကို ဖန်တီးပေးရမှာ ဖြစ်ပါ တယ်။
ဝိုင်ဖိုင်ကို ချိတ်ပြီးလိုက်တာနဲ့ မိမိ ပြောင်းထည့်ချင်တဲ့ဖိုင်ဒေတာတွေကို ဘယ်ဟာတွေလဲဆိုတာ မေးပါလိမ့်မယ်။ အဲသည်မှာ ဓာတ်ပုံဆိုရင် camera roll ၊ သီချင်းဆိုရင် music စတာတွေကို အမှန် ခြစ်လုပ်ပြီး ရွေးကာ တရာ transfer data ကို နှိပ် ရမှာဖြစ်ပါတယ်။ ဖိုင်ဒေတာတွေ လွှဲပြောင်း ပြီးရင် အခြေအနေကို မိနစ်အနည်းငယ်စောင့်ပါ။  လွှဲပြောင်းတာ အောင်မြင်သွားပြီဆိုရင် အိုင်ဖုန်းမှာမေးမယ့်မေးခွန်းတွေကို ဖြေဆိုဖို့အဖြေတွေရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က အိုင်ဖုန်းထဲမှာရှိ တဲ့အက်ပ်တွေကို ပြန်ဖျက်ပြီး အစကနေ ဒေါင်းလုပ်ဒ်ဆွဲရင် ပိုကောင်းပါတယ်။ ပြီးရင် အိုင်ဖုန်း (သို့) အက်ပဲလ်ဝက်ဘ်ဆိုက် မှာရှိတဲ့အန်းဒရွိုက် free app ကို အပ်ဒိတ်လုပ်ပါ။ ဘာကြောင့်လဲဆိုတော့ အန်းဒရွိုက်ကနေ အိုင်ဖုန်းဆီ ဖိုင်ဒေတာတွေကို အချိန်မရွေး လွှဲပြောင်းလို့ရအောင် ဖြစ်ပါတယ်။

အီးမေးလ်အကောင့်နဲ့ ဖုန်းနံပါတ်

အီးမေးလ်လိပ်စာအကောင့်နဲ့ ဖုန်းနံပါတ်ဒေတာတွေပြောင်းဖို့အတွက်က ကွန်ရက်သက်သက်ဖြစ်တဲ့အတ∑က် လွှဲပြောင်း ရာမှာ ကြားခံချိတ်ဆက်ဖို့ ဂူးဂဲလ်ဆာဗာကနေ သွားရမှာ ဖြစ်ပါတယ်။ ဂူးဂဲလ် မေးလ်ကနေတစ်ဆင့် အီးမေးလ်လိပ်စာ အကောင့်နဲ့ ဖုန်းနံပါတ်တွေကို တစ်ပြိုင်တည်း လွှဲပြောင်းရမှာ ဖြစ်ပါတယ်။
တချို့အန်းဒရွိုက်ဖုန်းတွေက ပြည်တွင်း local အပိုင်းထဲက ဆင်းမ်ကတ်တွေနဲ့ သုံးတာဖြစ်တာကြောင့် ဂူးဂဲလ် contacts နဲ့  ချိတ်ဆက်ဖို့ လိုအပ်ပါတယ်။ ဥပမာ ဂူးဂဲလ်ပလေးစတိုး၊ ဂျီမေးလ်စတာတွေသုံးတဲ့သူဆို မလိုအပ်ပါဘူး။ ရှောင်းမီ ဖုန်းတွေက Mi account  နဲ့ သီးသန့် သုံးစွဲသူများတာကြောင့် ဂူးဂဲလ်နဲ့ချိတ်ဆက်ပါ။
သိမ်းထားတဲ့ဖုန်းနံပါတ်တွေ လွှဲပြောင်းဖို့  အန်းဒရွိုက်ဖုန်းထဲကဖုန်း contacts ထဲဝင်ပြီး Menu နှိပ်ပါ။ Import/ export ဆိုတာကို ရှာပါ။ ဆင်းမ်ကတ်ထဲသိမ်းဖို့ Import from SIM card ရွေးပါ။ ဂူးဂဲလ်အကောင့်နဲ့ သိမ်းထားမလားမေးရင် save ကိုရွေးပြီး အီးမေးလ်လိပ်စာရိုက် ရပါမယ်။ လွှဲပြောင်းမှာဖြစ်တာကြောင့် export ကို ရွေးပါ။ ပြီးသွားရင် စင်ခရိုနိုက်စ် Syn လုပ်ရုံပါပဲ။

အန်းဒရွိုက်အက်ပ်အချို့ကိုပါ လွှဲနိုင်

ဒါ့အပြင်  အန်းဒရွိုက်အတွက် ထုတ် လုပ်ထားတဲ့အိုင်အိုအက်စ် (တရားဝင်) iOS free app အက်ပ်ထဲကနေလည်း အန်းဒရွိုက်အက်ပ်တွေကို အက်ပဲလ်စတိုး ဆီ အပြောင်းအရွှေ့လုပ်နိုင်ကြောင်း သိရပါတယ်။
Author မေဘယ်လ်
Credit: kumudranews.com

You may like these posts

မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်ပါက comment လေး တစ်ကြောင်းလောက်ရေးခဲ့ပေးပါခင်ဗျာ