Defragment Option ကို Right-click တွင် ထည့်သွင်းခြင်း



Defragment ဟာ Windows Operating System မှာ ပါဝင်တဲ့ Maintenance tool တစ်ခုလည်း ဖြစ်ပါတယ်။ Defragment ကိုအသုံးပြုပြီး Hard Disk အတွင်းရှိ ဖိုင်တွေကို စနစ်တကျ ဖြစ်စေရန် အတွက် ပြန်လည် စုစည်း လုပ်ဆောင် ပေးနိုင်ပါတယ်။ 

အဆိုပါ Defragment tool ကို Right-click မှာ ထည့်သွင်းချင် တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံး Registry Editor ကို အသုံးပြုဖို့ အတွက် Run box ကို Win+R key နဲ့ ဖွင့်ရ ပါမယ်။ ဒါမှမဟုတ် Windows 10 မှာဆိုရင် Start Menu ကို နှိပ်ပြီး regedit ဆိုတဲ့ keyword ကိုရိုက်ထည့်ရင် Registry editor ကို အသုံးပြုဖို့အတွက် Run command ကိုတွေ့ရပါလ်ိမ့်မယ်။


Registry Editor ထဲကိုရောက်ပြီဆိုရင် HKEY_CLASSES_ROOT\Drive\Shell ဆိုတဲ့လမ်းကြောင်းအတိုင်း အစဉ်လိုက်သွားရပါမယ်။



Shell အောက်ကိုရောက်ပြီဆိုရင် Right-click နှိပ်ပြီး New > Key ဆိုတာကိုရွေးချယ်ပေးရပါမယ်။ Key နာမည်ကို runas ဆိုပြီး အမည်ပေးရပါမယ်။



Ruans key ကို select မှတ်ပြီး ညာဘက်အခြမ်းမှာ ရှိတဲ့ ဖိုင်နာမည်ကို Default ဆိုတဲ့ အတိုင်းထားပေးလိုက်ပါ။ အဆိုပါ ဖိုင်ကို Double-click နှိပ်ပြီး Value data ထဲမှာ Defragment ဆိုတာကို ရေးထည့်ပေးပြီး Ok ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။


နောက်တစ်ဆင့်ကတော့ runas ဆိုတဲ့ key ကို select မှတ်ပြီး New > Key ကို ရွေးချယ်ကာ အဆိုပါ key နာမည်ကို command ဆိုတဲ့ နာမည်ပေးရပါမယ်။ ပြီးရင် command ဆိုတဲ့ key ကို select မှတ်လိုက်ပါ။ ညာဘက်အခြမ်းမှာ ဖိုင်တစ်ဖိုင် တွေ့ရပါလိမ့်မယ်။ double-click နှိပ်ပြီး Value data ဆိုတဲ့နေရာမှာ defrag 1% -v ဆိုတဲ့ command ကို ရိုက်ထည့်ပေးပြီး Ok ကို နှိပ်ထွက်ရပါမယ်။


အဆိုပါ အဆင့်တွေ ပြီးသွားပြီဆိုရင် Win + E နဲ့ Explorer ကိုဖွင့်လိုက်ပါ။ ကိုယ် နှစ်သက်ရာ partition တစ်ခုခုကို right-click နှိပ်လိုက်ရင် defragment ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


Ref: howtogeek

             ကိုမြတ် (MICT Garden)
www.mictgarden.com မှမျှဝေသည်

You may like these posts

မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်ပါက comment လေး တစ်ကြောင်းလောက်ရေးခဲ့ပေးပါခင်ဗျာ