အရင်းအနှီး မရှိလည်း အောင်မြင်စေနိုင်တဲ့အချက် ( ၃ ) ချက်

work
လူတစ်ချို့ကပြောကြတယ် အရင်းအနှီး မရှိရင် မအောင်မြင်နိုင်ပါဘူးကွာ ။ လက်ထဲတစ်ပြားမှမရှိဘဲ ဘာလုပ်လို့ရမှာလဲဆိုတဲ့ ဆင်ခြေတွေက နောက်က ကပ်ပါလာတတ်ပါတယ် ။ ဒီလို အငုံ့စိတ်အတွေးအခေါ်တွေ ပြောင်းလဲနိုင်ဖို့ နည်းလမ်းလေး သုံးခုမျှဝေချင်ပါတယ် ။
ပညာရပ်ဆိုင်ရာမှာ ထူးချွန်နေမယ်
သင်ဝါသနာပါတဲ့ဘာသာရပ်တစ်ခုမှ သင်ကျွမ်းကျင်နေခဲ့မယ်ဆို သင့်ဆီကို အရင်းအနှီး ပေးမည့် လုပ်ငန်းရှင် တွေ ၊ ဒါမှမဟုတ် စီးပွားရေးသမား တွေလိုက်လာမှာပါ ။ဒါ့ကြောင် ဘယ်အလုပ်ကိုလုပ်လုပ် နံပတ်တစ်ဖြစ်အောင်လုပ်ခဲ့မယ်ဆို ကြီးမားတဲ့ငွေကြေးစိုက်ထုတ်မှုမရှိဘဲ သင်အောင်မြင်လာမှာပါ ။
အပေါင်းအသင်း များမယ
ကောင်းမွန်တဲ့သူငယ်ချင်း အပေါင်းအသင်း များခြင်းက သင့်အတွက်တန်ဖိုးရှိတဲ့ အရင်းအနှီး တစ်ခုပါပဲ ။ ဥပမာ သင် စားသောက်ဆိုင် တစ်ခုဖွင့်ခဲ့မယ်ဆိုရင်တောင် သင့်မှာအပေါင်းအသင်းအင်အားတောင့်တင်းနေရင် သူတို့ရဲ့အားပေးမှုနဲ့တင် သင့် စီးပွားရေး အစပထမက စိုပြေနိုင်ပါတယ် ။ သင်ပေါင်းသင်းတဲ့သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အကျိုးပြုနိုင်မည့်သူတွေဆိုရင်တော့ သင့်လုပ်ငန်းတိုးတက်ဖို့အောင်မြင်နိုင်ပါတယ် ။ တစ်ခါတစ်လေ ကိုယ်က အိုင်ဒီယာကောင်းတစ်ခုရပြီး စီးပွားရေး တစ်ခုမထူထောင်နိုင်သေးရင် ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ စပ်တူရှယ်ပြီး သင့်အိမ်မက်တွေအကောင်းအထည် ဖော်လို့ရပါတယ် ။ ယေဘုယျအားဖြင့်တော့ အပေါင်းအသင်းများတာ သင့်အတွက်အရှုံးမရှိပါဘူး ။
အင်္ဂလိပ်စာကျွမ်းကျင်မယ်
.
အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့အခါ Linkedin တို့လို Social Media တွေမှာ သင့် စီးပွားရေး အတွက် ပိုမိုထောက်ပံ့ပေးနိုင်မည့် လုပ်ငန်းရှင် တွေနဲ့ ထိတွေ့နိုင်ပါတယ် ။ ဒါ့အပြင်ကိုယ်တိုင်လည်း ကိုယ့် စီးပွားရေး အတွက် ဘယ်လိုလုပ်ငန်းရှင်က ထောက်ပံ့ပေးနိုင်လိမ့်မယ်ဆိုတာ ကြိုတင်တွက်ဆထားပြီး ရင်းနှီးကျွမ်းကျင်အောင်လုပ်ဆောင်သင့်ပါတယ် ။ ဘာသာစကားရဲ့အရေးပါမှုက ပြောစရာမလိုအောင် သင်သိပြီးသားဖြစ်မှာပါ ။ သင့်မှာလုပ်ငန်းရှင်ဖြစ်ချင်တဲ့ စိတ်ရှိရင်တော့ အင်္ဂလိပ်စာကျွမ်းကျင်အောင် လုပ်ဆောင်ထားဖို့လိုအပ်ပါတယ် ။
.

You may like these posts

မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်ပါက comment လေး တစ်ကြောင်းလောက်ရေးခဲ့ပေးပါခင်ဗျာ