သတင်းတု များကို သိရှိဖို့ ပညာရေး လမ်းညွှန် တစ်မျိုး သုံးသွားမယ့် FACEBOOK

screen-shot-2016-11-20-at-9-58-42-pm
ကြားခံ အချက်အလက်စစ်ဆေးရေး လုပ်ငန်းများ fact-checkers များ ငှားရမ်းသွားဖို ရှိပါတယ်။
မကြာသေးမီက ဂျာမန်အစိုးရဟာ Facebook ပေါ်မှာ မလိုလားအပ်တဲ့ သတင်းတု ပို့ စ်များကို ၂၄ နာရီအတွင်းမဖယ်ရှားပါက ပေါင် သန်း ၅၀ အထိ ဒဏ်ကြေးတပ်နိုင်မယ့် ဥပဒေမူကြမ်းတစ်ရပ်ကို ထုတ်ပြန်လိုက်ပြီးနောက် Facebook မှာ မှားယွင်းတဲ့ သတင်း များကို အများပြည်သူ များမှ သိရှိမှတ်တမ်းတင်နိုင်မယ့် လမ်းညွှန်နည်းပညာသစ်တစ်ခုကို သုံးလိုက်ပါတယ်။ ဒီ tool လေးကြောင့် ဘီလျံနဲ့ ချီတဲ့ Facebook သုံးစွဲသူများဟာ သူတို့ ရဲ့ လူမှုကွန်ယက်စာမျက်နှာများမှာ တွေ့ ရတဲ့ သတင်းတု များကို tips လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
ယခု tool ကို ရေးသားဖို့ ကုမ္ပဏီ ဟာ အကျိုးအမြတ်မယူတဲ့ First Draft အဖွဲ့ နဲ့ ပူးပေါင်းခဲ့ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံမှ သုံးစွဲသူများထံ ကနဦးပေးပို့ ဖြန့် ချိသွားမှာပါ။ သတင်းတုတစ်ခုခုကို တစ်ယောက်ယောက်က ကလစ်လိုက်တာနဲ့ ဒီ tool ဟာ Facebook ရဲ့ Help Center ကိုသွားပြီး သတင်းတု ပါတဲ့ ဝက်ဘ်ဆိုက် ရဲ့ URLကို စစ်ဆေးခြင်း ၊ source ကို စုံစမ်းခြင်းနဲ့ တစ်ခြား သတင်းဌာနတွေမှာ ဒါမျိုးခေါင်းစဉ်နဲ့ အကြောင်းအရာ တင်ပြထားသလားဆိုတဲ့ အချက်အလက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
လူမှုကွန်ယက်မီဒီယာများကို နေ့ စဉ်သုံးစွဲသူများပြားလာသည့် အရေအတွက် ညွှန်းကိန်းတက်လာပြီးနောက် Facebook ဟာ လူတွေရဲ့ ဒုတိယနေအိမ်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့ တာအတွင်း ဖြတ်သန်းချက်များ ၊ကြားမြင် ခံစားချက်များကို စီစစ်ခြင်းမရှိဘဲ တင်လာတဲ့ပို့ စ်များထဲမှာ အမုန်းတရားနဲ့ သက်ဆိုင်သော သတင်းမှားများကြောင့် မထင်မှတ်လောက်အောင် ထိခိုက်နစ်နာလာခဲ့ကြပါတယ်။ ဒါ့အပြင် မဟုတ်တရား ဝါဒဖြန့် ရေးမှာလည်း Facebook ကို လက်နက်လို သုံးလာသူများကြောင့် Facebook ဟာ ဘေးကြပ်နံကြပ်ဖြစ်လာခဲ့ပါတယ်။

မကြာသေးမီက ဂျာမနီ နဲ့ ပြင်သစ် မှာ သတင်းတု များ စစ်ထုတ်ရေး tools များစမ်းသပ်ဖြန့် ချိခဲ့ပြီး သတင်းတုများကို Facebook ပလက်ဖောင်းပေါ်ကနေ ဖြုတ်ချခဲ့ပါတယ်။ ဒါ့အပြင် Facebook အနေနဲ့ သတင်းစီစစ်ရေးအတွက် ကြားခံ အချက်အလက်စစ်ဆေးရေး လုပ်ငန်းများ fact-checkers များ ငှားရမ်းသွားဖို့ စဉ်းစားနေတယ်လို့ လည်း ကြေငြာထားပါတယ်။
“တစ်ဖွဲ့ ချင်း သတင်းစီစစ်ပေးနိုင်မယ့် အဖွဲ့ တွေနဲ့ စီးပွားရေးချင်း ဆက်ဆံဖို့ ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်။”လို့ Facebook ထုတ်ကုန်စီမံခန့် ခွဲမှုရဲ့ ဒုဥက္ကဌဖြစ်သူ အဒမ်မော့စ်ဆရီက Financial Times သတင်းဌာနကို ပြောပါတယ်။ “ဒီအလုပ်က အဖွဲ့ အစည်းတစ်ခုချင်းပေါ် မူတည်နေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်တို့ ဘက်က တာဝန်ယူချင်ပါတယ်။ ဒီတော့ ငွေကုန်ကြေးကျခံပြီးတော့လည်း ဒီအတွက် ကျွန်တော်တို့ ကြိုဆိုတယ်လို့ ပြောပါရစေ”
Facebook ဟာ လစဉ်သုံးစွဲသူပေါင်း သန်း ၁၈၆၀ ကျော် ရှိနေပြီး Facebook ပိုင် လူမှုကွန်ယက်မီဒီယာများဖြစ်တဲ့ WhatsApp မှာ သန်းတစ်ထောင် ၊ Instagram မှာ သန်း ၆၀၀ နဲ့ Twitter မှာ ၃၁၉ သန်းအထိ လစဉ် ပုံမှန်သုံးစွဲသူများ ရှိထားပါတယ်။ ရေရှည်မှာ Facebook အတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေများအပေါ် ကြိုတင်ပြင်ဆင်ဖို့ ဦးစားပေးထားတဲ့ ကဏ္ဍထဲမှာ သတင်းတု တွေဟာလည်း ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

Credit : Duwun

You may like these posts

မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်ပါက comment လေး တစ်ကြောင်းလောက်ရေးခဲ့ပေးပါခင်ဗျာ